ကျောက်ပန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု(ပဉ္စမအကြိမ်မြောက်) ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကျောက်ပန်းတောင်း  နိုဝင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု (ပဉ္စမအကြိမ်မြောက်) ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို၊ ယနေ့ နံနက်(၆)နာရီက ကျောက်ပန်းတောင်းမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေတောင်ဦးဘုရား ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းရာတွင် ရှေ့ဦးစွာ ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင်သူ မြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး၊ ဒုတိယဦးစီးမှူးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်နှင်းနှင်းဝေနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး၊ ဆရာတော် ဘဒ္ဒန္တသုမနဓဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များရွတ်ဖတ်သရဇ္ဇျယ်သည့် အန္တရာယ်ကင်း ပရိတ်တရားတော်များကိုနာယူကြပြီး၊ ကထိန်လျာသင်္ကန်းနှင့်လှူဘွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ကထိန်အနုမောဒနာတရား နာကြားကြပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ၊ အခမ်း အနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်းရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

တရားနာယူပွဲအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး၊ ဒုတိယဦးစီးမှူးများနှင့်ဝန်ထမ်းများက ကြွရောက် တော်မူလာကြသည့် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရပြီး၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု၏ ပဉ္စမကြိမ်မြောက် စုပေါင်း ဘုံကထိန်တွင် ရွှေတောင်ဦးကျောင်းတိုက်ရှိ ပူရိမာဝါမှ ထမြောက်တော်မူကြ မည့် ရဟန်း/သာမဏေများ တွက် ကထိန်လျာမြတ်သင်္ကန်းနှင့်လှူဘွယ်ပစ္စည်း ဝတ္ထု စုစုပေါင်းတန်ဘိုးငွေ(၄၆)သိန်းဖြစ်ကြောင်း သိရ သည်။

နေအောင်(ပြန်/ဆက်)