မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ကော့သောင်း နိုဝင်ဘာ ၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့်  မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အား နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းကာ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမတွင်  ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ကော့သောင်းခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးမြတ်ဇော်မင်းက  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့်  မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ(၆၆/၆) ကိုင်ဆောင်မှုနှင့် ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ အခက် အခဲများကို ဖြေရှင်း ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများ၊ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေး စာရင်းအား ပြည်သူများအနေဖြင့် လူတစ်ဦး၊ မိသားစုတစ်စုတွင် အပိုကိုင်ဆောင်ထားပါက သတ်မှတ်ကာလအတွင်း အမြန်ဆုံးလာရောက်ဖြေရှင်းကြစေလိုကြောင်း၊ သတ်မှတ်ကာလ ကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)