သတင်းများ

မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး ရှမ်း/မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Apr 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဟိုနား (ရှမ်း၊ အာခါ၊ လာဟူ ) စသည့် ကျေးရွာများသို့ ဆက်လက်ပူးပေါင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ် ကျောင်းသား/ကျောင်းသူ (၁၃၈၄ )ဦး ဆက်လက်ဖြေဆို
Apr 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်တွင် အေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Apr 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက ဆက်လက်ဖြေဆိုရာ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်မဲခရိုင် အားကစားကွင်းတွင်  နွေရာသီအခြေခံဘောလုံးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 04,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် နွေရာသီအ‌ခြေခံဘောလုံး သင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ကျောက်မဲခရိုင် အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (စတုတ္ထနေ့) ဓာတုဗေဒဘာသာရပ် ဖြေဆို
Apr 04,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို ဧပြီလ ၄ ရက်တွင် နိုင်ငံတဝှမ်း၌ ဓာတုဗေဒဘာသာရပ်ကို စတုတ္ထနေ့အဖြစ် တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်မှ စာစစ်ဌာန ၇ခုသို့ လာရောက်ဖြေဆိုသူ (၉၄.၂၅)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။
ကျောင်းကုန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Apr 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာကို ယနေ့နံနက် ၉ နာရီအချိန် အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။
သံဖြူဇရပ်၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စတုတ္ထနေ့) ဓာတု​ဗေဒ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများဆက်လက်ဖြေဆို
Apr 04,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကိုမတ် ၃၁ မှစတင်၍ တစ်နိုင်ငံလုံးအနေဖြင့် ကျင်းပလျက်ရှိရာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင်လည်း ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ(စတုတ္ထနေ့)အဖြစ် ဓာတု​ဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Apr 04,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။