သာကေတမြို့နယ်တွင် ပတ္တမြားအခမဲ့ ဆေးကုခန်းအား ပြန်လည်ဖွင့်လှစ်
Apr 04,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား တဖက်တလမ်းမှ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍ ဆရာတော်များမှကြီးမှူး၍ (၁၀)တောင်ရပ်ကွက်ရှိ (၁၀၈) တောင် မဟာဗောဓိစေတီတော်ဝင်းအနီးရှိ ဟင်္သာတအတွင်း ပတ္တမြား စာသင်တိုက်၌(၁၂-၉-၂၀၁၃)ရက်နေ့တွင် ပတ္တမြားအခမဲ့ဆေးကုခန်းအား စတင်ဖွင့်လှစ်ခဲ့ပြီး ကျွမ်းကျင်ဆရာဝန်ကြီးများမှ သားဖွားမီးယပ်နှင့် သွားရောဂါများအား အပတ်စဉ် တနင်္ဂနေ္ွနေ့တိုင်း နံနက်(၁၀)နာရီမှမွန်းလွဲ(၂)နာရီအထိ အခမဲ့ကုသပေးခဲ့ သည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် အဆိုပါအခမဲ့ဆေးကုခန်းအား ခေတ္တပိတ်ထားရာမှ ယမန်နေ့နံနက် (၁၀)နာရီ၌ ပြန်လည်ဖွင့်လှစ်ကုသပေးခြင်း ဖြစ်သည်။