သတင်းများ

လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာ ဆက်လက်ဖြေဆို
Apr 04,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲစတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
သီပေါမြို့နယ်တွင် မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းပူးပေါင်းကာကွယ်အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ပြုလုပ် ဆောင်ရွက်
Apr 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက မီးခိုးမြူငွေ့အန္တရာယ် ဝိုင်းဝန်းပူးပေါင်း ကာကွယ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သင်္ကြန်ပိတ်ရက်ကာလအတွင်း ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြေှာ်ချိန်ကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားမည်
Apr 04,2022
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လေးဆူဓါတ်ပုံ​ရွှေတိဂုံ​စေတီ​တော်မြတ်ကြီးအား အများပြည်သူများ စိတ်​အေး​ချမ်းသာ စွာ ကြည်ညိုဖူး​မြော်နိုင်​စေရန်အတွက် ဘုရားဖူးချိန်အား ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထားမည်ဖြစ်​ကြောင်း သိရှိရ သည်။
မင်းလှမြို့နယ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး နေကြာသီးနှံစိုက်ပျိုးရန် စီမံကိန်း တာဝန်ပေးအပ်ပွဲပြုလုပ်
Apr 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုး နိုင်ရေး စီမံကိန်း တာဝန်ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်
Apr 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာ နန္ဒဝင်း(ဆေး-၁)၏ “ လူတွေနားနေပါ ပညာတွေအလုပ်လုပ်ကြပါစေ ” စာအုပ်နှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ် ဇီးအိုင်ကျေးရွာ လျှပ်စစ်မီးလင်းခြင်းဖွင့်ပွဲနှင့် မင်းဘူးမြို့ ဓာတ်အားခွဲစက်ရုံ မြို့ရေပေးဝေရေး သီးသန့်လိုင်းဖွင့်ပွဲ အခမ်းအနားတက်ရောက်
Apr 04,2022
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ဇီးအိုင်ကျေးရွာအုပ်စု ဇီးအိုင်ကျေးရွာ လျှပ်စစ် မီးလင်းခြင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကျေးရွာရှိ ထရန်စဖော်မာ ရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်တွင် သာသနာပြုဆရာတော်များ ညှိနှိုင်းဆွေးနွေးပွဲနှင့် သြဝါဒခံယူပွဲကျင်းပ
Apr 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပထမအကြိမ် သာသနာပြုဆရာတော်များ ညှိနှိုင်းဆွေးနွေး ပွဲနှင့် ဩဝါဒခံယူပွဲကို ယမန်နေ့က ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကျင်းပကြောင်း မြို့နယ်သာသနာတော် ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Apr 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်ကစတင်၍ ဗိုလ်လုပွဲအဖြစ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့မပြည်သူ့ဘောလုံးအားကစားကွင်း၌ ကျင်းပသည်။