သတင်းများ

ပူတာအိုဒေသထွက် ကျောက်ဂျပိုး(ခေါ်) အင်းဆက်ကောင်များ ယခင်နှစ်ထက်ဈေးကောင်းရရှိသဖြင့် ကျောက်ဂျပိုးရှာဖွေသူများပြား
Nov 03,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ကျောက်ဂျပိုး(ခေါ်) အင်းဆက်ကောင်များအား ယခင်နှစ်ထက် ဈေးကောင်းပေးဝယ်သဖြင့် ကျောက်ဂျပိုး ရှာဖွေသူများပြားလာကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ကွမ်းလုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မိဘပြည်သူများအား အသိပေးထုတ်ပြန်ချက်လုပ်ငန်းများ ဆောင်ရွက်
Nov 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မိဘပြည်သူများအား အသိပေးထုတ်ပြန်ချက်လုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောသန်းမြင့်(ဦးစီးအရာရှိ)၏ ကြီးကြပ်မှုဖြင့် ၎င်း၏ဝန်ထမ်းများမှ ယနေ့နံနက်(၁၁)နာရီအချိန်က လွပ်လပ်ရေးကျောက်တိုင်အနီးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပေါက်ခေါင်းမြို့နယ်၌ ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင်ဝါဧကတိုးချဲ့စိုက်ပျိုးထားရှိ
Nov 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယခင်နှစ်က ဝါဈေးကွက်ကောင်းသဖြင့် ယခုနှစ်တွင် ‌တောင်သူများမှ ဝါကိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်၌ ဝါကြီး၊ချည်မျှင်ရှည်ဝါ အပါအဝင် စုစုပေါင်းဝါဧက ၈၅၀၀  စိုက်ပျိုးထားရှိပြီး ဝါပွင့်များမကြာမီရိတ်သိမ်း‌တော့မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နောင်ချိုမြို့နယ်တွင် အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ် ဆောင်ရွက်
Nov 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့်  စားသုံးသူကာကွယ်ရေး  ဆိုင်ရာများနှင့် ပတ်သက်ပြီး အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ် ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်၁၀နာရီ အချိန်က ကျောက်ကြမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် ပဒေသာပင် စီတန်းလှည့်လည်
Nov 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာ ဘုံကထိန်ပဒေသာပင် စီတန်းလှည့်လည်ပွဲကို နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က မြို့ပေါ်ရပ်ကွက် လမ်းမကြီးများ တစ်လျောက် လှည့်လည်ကြသည်။
လက်ပံတန်းမြို၌ စာပေချစ်သူများ အသင်းဝင်များနှင့် စာဖတ်ဝိုင်းဆောင်ရွက်
Nov 03,2022
လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။
မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများစုပေါင်း၍ (၂၉)ကြိမ်မြောက် မဟာဘုံကထိန် ပဒေသာပင်စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်
Nov 03,2022
​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပညာရေးဌာနမှကြီးမှူး၍ နှစ်စဉ်နှစ်တိုင်းကျင်းပမြဲဖြစ်သော အခြေခံပညာကျောင်းများ၏(၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်ပွဲတော်ကို ယနေ့နံနက်(၇)နာရီအချိန်က အရှေ့ရပ်ကွက်ညောင်ကိုးပင် ဘုန်းတော်ကြီးကျောင်းမှ စုရပ်ပြု၍ မြို့နယ်အတွင်းလှည့်လည်ခဲ့ကြောင်း သိရသည်။
တောင်သူများ၏လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်ရောင်းချရာတွင် များစွာအကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းများရာနှုန်းပြည့်ပြီးစီး
Nov 03,2022
ကျေးလက်တောင်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျင်မြန်စွာသယ်ယူပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များ အလွယ်တကူသွားလာနိုင်ရေးတို့အတွက်ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းများ   ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ဗောဓိကုန်းကျေးရွာအုပ်စု၊ ဗောဓိကုန်းရွာကျေးလက်ကုန်ထုတ်လမ်းနှင့် မစိုးရိမ်ကျေးရွာအုပ်စုဆင်ဖြူကန်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်မှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။