သတင်းများ

သရက်ချောင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ (၂၀၂၂-၂၀၂၃) ဘဏ္ဍာ​ရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့နယ်၊  ကျောက်ဆည်အုပ်စု၊ ကျောက်ဆည် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
ဘားအံမြို့၌ Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်
Nov 03,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက်အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈) ရပ်ကွက်၊ ဟော်တယ်ဇွဲကပင်‌ရှေ့၊ အများပြည်သူသွားလာနေသော လမ်းမကြီးပေါ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိုးမိတ်မြို့တွင် နယ်မြေဒေသအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆွေးနွေး
Nov 03,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ပသင်ကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
Nov 03,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့်  မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အား နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းကာ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနခန်းမတွင်  ပြုလုပ်ခဲ့သည်။
ပင်းတယမြို့၌ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ တက်ရောက်မည့် သင်တန်းသား /သင်တန်းသူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
Nov 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ ပင်းတယမြို့ အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပညာရေးဘွဲ့(B.Ed) (၅)နှစ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းနှင့်ပြည်ထောင်စုတိုင်းရင်းလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ပထမ)နှစ်(ရန်ကုန်၊ စစ်ကိုင်း)သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား/သူများနှင့် တွေ့ဆုံပွဲအခမ်းအနားအား ကျင်းပခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းမိသားစုများစုပေါင်းပြီး ဆွမ်းဆပ်ကပ်လှူဒါန်း
Nov 03,2022
၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ ယနေ့ နံနက်က သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ဓမ္မမေဒနီပရိယတ္တိစာသင်တိုက်ကြီးမှ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ဘီးလင်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များနှင့်ပတ်သက်၍ ပြည်သူများသိရှိစေရေး လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 03,2022
ဘီးလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်များကို ပြည်သူများသိရှိစေရေး  လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်ရှေ့တွင် ဖြန့်ဝေပေးခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ဧက (၁၆၃၉) ဧက ရေပြည့်ဝစွာပေးနိုင်ရေး သင်တောင်း လက်တံမြောင်းတွင် သဲနုန်းများတူးဖော်ပေးသွားမည်ဖြစ်
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေပေးဝေရာနိုင်ရေး၊ တိမ်ကောနေသည့်မြောင်းများအား သဲနုန်းများ တူးပေးခြင်း၊ မြောင်းနံရံများအား ကျောက်ဆလံစီပေးခြင်း၊ ပျက်စီးနေသည့်ရေပေးပြွန်များ၊ ရေကျ အဆောက်အအုံများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်၌ သီးနှံမျိုးစုံစိုက်ဧက (၁၆၃၉) ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး သင်တောင်းလက်တံမြောင်းတွင် သဲနုန်းများ တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။