သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာဆရာ/ဆရာမများအား ဝတ်စုံထောက်ပံ့ပေးအပ်ခြင်း၊ကျောင်းသား/သူများအား စက်ဘီးထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူဦးကြီးများအား တွေ့ဆုံပွဲအခမ်းအနားကျင်းပ
Nov 03,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်အတွင်းရှိ အခြေခံပညာဆရာ/ဆရာမများအား ဝတ်စုံထောက်ပံ့ပေးအပ်ခြင်း၊ ကျောင်းသား/သူ များအား စက်ဘီးထောက်ပံ့ပေးအပ်ခြင်းနှင့် တောင်သူဦးကြီးများအား တွေ့ဆုံပွဲအခမ်းအနားကို  ယနေ့နံနက်က မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မိတ္ထီလာတပ်နယ်မှူး ဗိုလ်မှူ းကြီးသန်းနိုင်စိုး၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူမျာ တက်ရောက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်း (သာယာဝတီ)၌ ကျင်းပခဲ့သည်။
ဟိုပန်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Nov 03,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြင်ပဗဟုသုတများကြွယ်ဝစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာနှင့် အမျိုးသားအောင်ပွဲနေ့ဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အမက(မန်ကောင်း)နှင့် မူလွန်(ရုံးကုန်း) စာသင်ကျောင်းများ၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
အမာမြို့၌ အသက်(၅)နှစ်မှ အသက်(၁၁)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Nov 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၅)နှစ်မှ (၁၁)နှစ်အထိ ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းကို အမာ အထကကျောင်းတွင် ယနေ့ နံနက် (၁၀)နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ (TALK SHOW) ဆွေးနွေးပွဲ ပြုလုပ်
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ(Book Club)တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် တန်ဆောင်မုန်းလပြည့်နေ့အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ပုဇွန်တောင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယခင်ကထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပုဇွန်တောင်မြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်းဖွင့်ပွဲကျင်းပ
Nov 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနအနေဖြင့် ပထမဦးဆုံး ဖွင့်လှစ်သင်ကြားမည့် ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) and Andaman Transporttation Limited တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု "အလှပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို သာစည်မြို့ အောက်ဆီဂျင်စက်ရုံ တက်ရောက်ဖွင့်လှစ်ပေး
Nov 03,2022
သာစည်မြို့နယ်အတွင်းရှိ ပြည်သူများအား အောက်ဆီဂျင် လုံလောက်စွာ ရရှိနိုင်ရေးအတွက် ရည်ရွယ်၍ အောက်ဆီဂျင်စက်ရုံ တည် ဆောက်ထားရှိရာ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၁)၊ မင်းရန်နိုင်ရပ်ကွက်ရှိ အဆိုပါ အဆောက်အဦးရှေ့တွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။