သတင်းများ

နတ်မောက်မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြော
Apr 04,2022
မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်ရေးရာ အသိပညာ ပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီချိန်ခန့်က ကျင်းပခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများထံ သွားရောက်‌ကွင်းဆင်းဆောင်ရွက်ပေး
Apr 04,2022
ရန်ကုန်တိုင်း‌ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်း ၉ နာရီက ရှမ်းတဲကြီးကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများထံ သွားရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ  ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Apr 04,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ မင်းဘူးခရိုင် ငဖဲမြို့နယ် တွင် ယနေ့နံနက် (၉)နာရီက ကျောင်းသား/ကျောင်းသူများ စာစစ်ဌာနအသီးသီး၌ ဓာတုဗေဒ ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်တံခါးမြို့၌ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကျင်းပ
Apr 04,2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစား နည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေး တိုးတက်ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သော နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကို ယမန်နေ့က ကျောက်တံခါးမြို့ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာခရိုင်အတွင်း အခြေခံပညာကျောင်းများတွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ်ဖြေဆို
Apr 04,2022
၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ အထိ ကျင်းပလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ ချောင်းဦး၊ ဘုတလင်နှင့် အရာတော်မြို့နယ်တို့ရှိ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများ အသီးသီးတွင် ဧပြီလ ၄ရက်၊ ဓာတုဗေဒဘာသာ ဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်း‌ မြေ့စွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် န-လက်ခုပ္ပုင်ကျေးရွာတွင် နှင်းပန်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Apr 04,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န-လက်ခုပ္ပုင်ကျေးရွာတွင် ဘုရားပန်းများဖြစ်သည့် ဂန္ဓာမာ၊ မေမြို့ပန်း၊ ပန်းတိမ်မနိုင်များစိုက်ပျိုးသည့်အပြင် နှင်းပန်းများလည်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွား ရေးအတွက် အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးစီးမှုကတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်
Apr 04,2022
မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ကတ်ပြားရှိ/မရှိ စစ်ဆေး ခြင်းနှင့် ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင် ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို မင်းလှမြို့အဝင် ညောင်ပင်သာစစ်ဆေးရေးဂိတ်၊ မလွန်တံတား စစ်ဆေးရေးဂိတ်နှင့် စစ္စနို့ကျေးရွာ စစ်ဆေးရေး ဂိတ်များတွင် ရဲတပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့က‌ နေ့စဉ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သာကေတမြို့နယ်တွင် ပတ္တမြားအခမဲ့ ဆေးကုခန်းအား ပြန်လည်ဖွင့်လှစ်
Apr 04,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား တဖက်တလမ်းမှ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်၍ ဆရာတော်များမှကြီးမှူး၍ (၁၀)တောင်ရပ်ကွက်ရှိ (၁၀၈) တောင် မဟာဗောဓိစေတီတော်ဝင်းအနီးရှိ ဟင်္သာတအတွင်း ပတ္တမြား စာသင်တိုက်၌(၁၂-၉-၂၀၁၃)ရက်နေ့တွင် ပတ္တမြားအခမဲ့ဆေးကုခန်းအား စတင်ဖွင့်လှစ်ခဲ့ပြီး ကျွမ်းကျင်ဆရာဝန်ကြီးများမှ သားဖွားမီးယပ်နှင့် သွားရောဂါများအား အပတ်စဉ် တနင်္ဂနေ္ွနေ့တိုင်း နံနက်(၁၀)နာရီမှမွန်းလွဲ(၂)နာရီအထိ အခမဲ့ကုသပေးခဲ့ သည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် အဆိုပါအခမဲ့ဆေးကုခန်းအား ခေတ္တပိတ်ထားရာမှ ယမန်နေ့နံနက် (၁၀)နာရီ၌ ပြန်လည်ဖွင့်လှစ်ကုသပေးခြင်း ဖြစ်သည်။