သတင်းများ

မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Apr 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က စာရေးဆရာ နတ်သျှင်(ရွှေဂူ) ရေးသားသော “လူငယ်များ၏ ရွှေရောင် မနက်ဖြန်”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ် လူငယ်သင်တန်းကျောင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကျင်းပ
Apr 02,2022
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အင်ကျယ်ကျေးရွာ၊ လူငယ်သင်တန်းကျောင်းရှိ ကလေးငယ်များအား ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
စစ်ကိုင်းတိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ သင်္ချာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ ၁၃၈၀၉ ဦး ဝင်ရောက်ဖြေဆို
Apr 02,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်း မတ်လ ၃၁ ရက်နေ့မှ စတင် ဖြေဆိုလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးမှ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၁၃၈၀၉ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်စာစစ်ဌာန(၃)ခု၌ (တတိယ)နေ့သင်္ချာဘာသာ ဖြေဆိုမှုရာနှုန်း (၈၇.၇၈)ရှိ
Apr 02,2022
 တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂  ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွကို စာစစ်ဌာန(၃)ခုအတွင်း စာမေးပွဲဖြေဆို လျက်ရှိရာ ယနေ့ နံနက်၉ နာရီမှ ၁၂ နာရီအချိန်အထိ (တတိယ)နေ့၊ သင်္ချာဘာသာအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆက်လက်ဖြေဆိုကြကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Apr 02,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ဧပြီလ ၁ ရက်နေ့ ညနေပိုင်းတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခဲ့သည်။
မြန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၉) ခု၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆို
Apr 02,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင် မြို့နယ်အတွင်းရှိ စာစစ်ဌာန (၉)ခု၌ တတိယနေ့ သင်္ချာဘာသာရပ်အား ယနေ့ နံနက်က အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်  ရေးအတွက် သက်ဆိုင်ရာဌာနများက  ယနေ့နံနက်ပိုင်းက ဆင်ဖြူကန်ကျေးရွာ CLC ခန်းမတွင်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် စောကဲကျေးရွာတောင်သူများနှင့်လည်းကောင်း၊ ကျေးရွာတောင်သူများထံအရောက် ကွင်းဆင်းအသိပညာပေး ဟောပြေ ာဆွေးနွေးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ် ပျက်ကွက်သူမရှိဖြေဆို
Apr 02,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့သင်္ချာဘာသာရပ်ကို ယနေ့နံနက် (၉)နာရီအချိန်က ကော့ကရိတ်ခရိုင်အတွင်းရှိ စာစစ်ဌာန (၇)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ (၁၆၈၃)ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူမရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။