တောင်ကုတ်မြို့၌ စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကျင်းပ

တောင်ကုတ် နိုဝင်ဘာ ၃

တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပသော ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူ ရှင်များ၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်(၉)နာရီ အချိန်က တောင်ကုတ်မြို့၊ ဓမ္မဝိဇယ သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးနောက် နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တ သူရိယဓဇ ကိုင်းရှည်စေတျာရာမကျောင်းတိုက် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူပြီးနောက် ပရိတ်တရားတော်များနာယူကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အလှူရှင်များက ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ဝတ္တုများကို ဆက် ကပ်လှူဒါန်း ပြီးနောက် သာသနာ့ဓဇ ဓမ္မာစရိယ မဟာဂန္ထ ဝါစက၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဒီဃနိကာယပါဠိပါရဂူ၊ ဥဘေတာဝိ ဘင်္ဂစရ ဘဒ္ဒန္တ ဣန္ဒာစာရ၊ ကံပိုင်မဟာဝိဟာရ ဆရာတော်ဘုရားကြီးထံမှ ကထိန်အနုမော ဒနာတရားတော်နာယူကြသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့်အလှူရှင်များက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ် ဆိုပူဇော်၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးမောင်ပုတို့က ရတနာရွှေမိုး ငွေမိုးများရွာသွန်းပေးခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)