ဒိုက်ဦး နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ဈေးပိုင်းရပ်ကွက်၊ အမှတ်(၁) အလက(ခွဲ)ကျောင်း၌ ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်က စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်ဆွေသက်အောင်က ကျောင်းသား/ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာ အသိပညာများ ဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ဆရာ/ ဆရာမ ၉ ဦးနှင့်ကျောင်းသား/ ကျောင်းသူ ၂၆၁ ဦး တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)