သတင်းများ

တောင်ကြီးမြို့၌  မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပြုလုပ်
Apr 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မဟာသင်္ကြန်ပွဲတော်လုံခြုံရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ဓာတုဗေဒဘာသာရပ် စာမေးပွဲ ဆက်လက်ဖြေဆို
Apr 04,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသားကျောင်းသူ (၂၇၄) ဦးမှ ယနေ့နံနက် (၉) နာရီအချိန်ကစ၍ ​နေ့လယ် ၁၂နာရီအထိ ဓာတုဗေဒဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်အတွင်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Apr 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နွေစပါးကိုတိုးချဲ့စိုက်ပျိုးနိုင်ရန် ယနေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင်များသည် မြို့နယ်ဆည်မြောင်းနှင့်​ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြို့နယ်အတွင်းရှိ ချောင်းများနှင့် တူးမြောင်းအနီးရှိ လယ်ယာမြေများအား ကွင်းဆင်း၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား ဆက်လက်ဖြေဆို
Apr 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အား စာစစ်ဌာန(၁၀)ခုဖြင့် ယနေ့နံနက် (၉)နာရီမှစတင်၍ ဆက်လက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန(၇)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို
Apr 04,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ ဓာတုဗေဒဘာသာရပ် ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး ရှမ်း/မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Apr 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက် ၈ နာရီက ဟိုနား (ရှမ်း၊ အာခါ၊ လာဟူ ) စသည့် ကျေးရွာများသို့ ဆက်လက်ပူးပေါင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ် ကျောင်းသား/ကျောင်းသူ (၁၃၈၄ )ဦး ဆက်လက်ဖြေဆို
Apr 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့နံနက်(၉)နာရီအချိန်တွင် အေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Apr 04,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက ဆက်လက်ဖြေဆိုရာ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။