သတင်းများ

ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (ဆုံစည်းရာ) စာဖတ်ဝိုင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Nov 03,2022
ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့(ဆုံစည်းရာ) စာဖတ်ဝိုင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍ ခရိုင်ပြန်/ ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉နာရီခွဲက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
Nov 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ မြန်မာနိုင်ငံ၏နေ့ထူး နေ့မြတ်များအကြောင်းသိရှိစေရန်၊ ကာယ၊ ဉာဏစွမ်း ရည်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် မိုးစပါးများ အောင်မြင်ဖြစ်ထွန်း
Nov 03,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေပြည်သူများမှ လယ်ယာစိုက် ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ဆောင် ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက (၉၇၉၇၅)ဧက စိုက်ပျိုးထားရှိခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ ဆောင်းနေကြာစိုက်ပျိုးပွဲကျင်းပ
Nov 03,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပြည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများပူးပေါင်းဆောင်ရွက်လျက်ရှိကာ ယနေ့နံနက်ပိုင်းက ပြည်မြို့ နဝဒေးတံတားအနီး ဆောက်လုပ်ရေးဧည့်ရိပ်သာအနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးရှိ မြေနုကျွန်း‌မြေနေရာများ၌ ပြည်ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများစုပေါင်း၍ ဆီထွက်သီးနှံဆောင်းနေကြာ(၈)ဧက စုပေါင်းစိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့၌  အကြိမ် (၅၀)မြောက် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ ကျင်းပ
Nov 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  အကြိမ် (၅၀)မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာ ဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို  ယနေ့ နံနက် ၉ နာရီခွဲက သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်
Nov 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များ ကူးစက်ရောဂါတို့မှကင်းဝေးစေရန်နှင့် ကျန်းမာ ရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ အသက်နှစ်နှစ်အောက်ကလေးငယ်များအား  ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယမန်နေ့က ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Nov 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ် BA.4နှင့်BA.5 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ကရင်၊ မြန်မာနှစ်ဘာသာဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် တစ်နိုင်တစ်ပိုင်ဝဥ တူးဖော်ရောင်းချခြင်းလုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Nov 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထား စိုက်ပျိုးလုပ်ကိုင်သည့်မြို့ဖြစ်ပြီး နှစ်စဉ်၎င်းလုပ်ငန်းများနှင့် တွဲဖက်ကာ ဝဥတူးဖော်ရောင်းချသည့် လုပ်ငန်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။