မူဆယ် နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ Community Centre ခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဉီးရေစာရင်းနှင့်ပတ်သက်၍ ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ပူးပေါင်း၍ Talk Show ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဇော်ဦးက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပက်သက်၍ မိဘပြည်သူများသို့ အသိပေးကြေညာ ထုတ်ပြန်ရခြင်း ရည်ရွယ်ချက်များကို မေးမြန်းခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဦးဆန်းလွင်က အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနမှ (၁၉-၉-၂၀၂၂) ရက်နေ့မှ (၁-၁၁-၂၀၂၂)ရက်နေ့အတွင်း မိဘပြည်သူများအနေဖြင့် နိုင်ငံသားစီစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆နှင့်ပက်သက်၍ အခက်အခဲများအား သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာထားကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် e-id Biographic Registrstion Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ (၅၂) သန်းကျော်အား စာရင်းသွင်းခြင်းနှင့် Household Registrstion Software ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ စာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် နိုင်ငံသားတစ်ဦးလျှင် နိုင်ငံသားစိစစ်ရေး ကတ်ပြားနံပါတ်တစ်ခုသာလျှင် ကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီးနေသူများ၊ အသက်(၁၀)နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသောသူများ၊ (၁-၁၁-၂၀၂၂) ရက်နေ့ နောက်ဆုံးရက်ဖြစ်သော်လည်း ပြည်သူများ၏ ပညာရေး၊ စီးပွားရေး၊ ဘဏ်စုငွေအပါအဝင် အိမ်၊ ခြံ၊ မြေ၊ ယာဉ် ပိုင်ဆိုင်မှုများ၊ ဆက်သွယ်ရေး ဖုန်းကတ်များနှင့်သက်ဆိုင်နေပါသဖြင့် ပယ်ဖျက်ရမည့်နိုင်ငံသားစီစစ်ရေးကတ်ပြားအမှတ်များ မှားယွင်းပါက ကာယကံရှင်များအနေဖြင့် များစွာ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် ပြည်သူများ နစ်နာမှုမဖြစ်စေရေးအတွက် (၁၅-၁၁-၂၀၂၂)ရက်နေ့အထိ နောက်ဆုံးထားဆောင်ရွက်ရန် ရက်တိုး မြှင့်ထားကြောင်း၊ ကျော်လွန်ပါက နောက်ဆုံး ထုတ်ယူထားသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းကိုသာ အတည်ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် ရပ်ကွက်များအတွင်း အသံချဲစက်ဖြင့် လှည့်လည်၍ အသိပေးကြေညာခြင်း၊ လူစည်း ကားသည့် လမ်းစုံများ၊ ဈေး၊ အ.ထ.ကကျောင်းများ၊ အများပြည်သူများ ထိတွေ့ဆက်ဆံသည့် ဌာန ဆိုင်ရာများတွင် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရပ်ကွက်ရုံးများတွင် ဗီနိုင်းချိတ်ဆွဲခြင်း၊ Bill Board စိုက်ထူခြင်း၊ ရေဒီယို ရုပ်မြင်သံကြားတွင် ကြေညာခြင်း၊ Facebook Online မှ ဖော်ပြခြင်း၊ Talk Show အစီအစဉ်ဖြင့် ပြည်သူများသိရှိအောင် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)