သတင်းများ

(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲ ၊နံရံကပ်စာစောင်၊ ဓာတ်ပုံ၊စာအုပ်ပြပွဲဆောင်ရွက်
Nov 03,2022
၂၀၂၂ခုနှစ်၊ နိုဝင်ဘာ (၁၇)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက သင်္ဂတုန်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊  နံရံကပ်စာစောင်၊  ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများသွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့အဝင် ကိုဗစ်-၁၉ရောဂါတားဆီးကာကွယ်ရေး စုပေါင်းစစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား ကိုဗစ်- ၁၉ရောဂါကူးစက်ခံရမှု ရှိမရှိ (RDT) Tast kit ဖြင့်အခမဲ့စစ်ဆေးပေး
Nov 03,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၌ ရပ်ဝေးဒေသများမှပြန်လာကြသူများ၊ စျေးရောင်းကြသူ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ၊မရှိသိရှိနိုင်စေရေးအတွက် (RDT) Tast kit ဖြင့် အခမဲ့စစ်ဆေး ပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေး စုပေါင်းစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍  ထပ်မံ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
တံတားဦးမြို့၌ မိုးဦးကာလတွင် စတင်စိုက်ပျိုးထားသော မြေပဲများ စတင်နှုတ်သိမ်း အထွက်နှုန်းကောင်းမွန်
Nov 03,2022
တံတားဦးခရိုင်၊ တံတားဦးမြို့၌ မိုးဦးကလတွင် စတင်စိုက်ပျိုးထားသော မြေပဲများ စတင်နှုတ်သိမ်းနေပြီဖြစ်ရာ အထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်း သူငယ်တော်ကျေးရွာ မြေပဲစိုက်တောင်သူ ဦးဝင်းအောင်ထံမှ သိရသည်။
ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်ကွက်နှင့် စံပြကွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Nov 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်ကွက်နှင့် စံပြကွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သရက်ချောင်းမြို့နယ်တွင် ကွမ်းသီးအခြမ်းခွဲများ စျေးနှုန်းကျဆင်း
Nov 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံလုပ်ကိုင်သူနှင့် တောင်ယာလုပ်ကိုင်သူများသည် နှစ်ရှည်ပင်အဖြစ် ကွမ်းသီးပင်များအဓိကစိုက်ပျိုးလျက်ရှိရာ အောက်တိုဘာလအစောပိုင်း ကွမ်းသီးပေါ်ဦးကာလက စျေးကောင်းရရှိသော်လည်း ယခုအချိန် ကွမ်းသီးပေါများအချိန်တွင် ကွမ်းသီးအခြမ်းစျေးနှုန်းကျဆင်း၍ ကွမ်းသီးလုပ်ကိုင်ရာတွင် အခက်အခဲတွေ့ရကြောင်း ကွမ်းသီးခြံလုပ်ကိုင်သူတစ်ဦးကပြောသည်။
ဆိပ်ဖြူမြို့နယ်ရှိ ကြက်သွန်နီစိုက်တောင်သူများ ဈေးကောင်းရရှိရန်‌‌မျှော်လင့်
Nov 03,2022
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှ ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်သော တောင်သူများသည် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုမှ ရရှိသောကြက်သွန်များ ဈေးကောင်းရှိရန် မျှော်လင့်ကြောင်း သိရသည်။
ကျောက်ဆည်မြို့၌  ဆည်ရေသောက်စနစ်၊ မိုးကောင်းရေသောက်စနစ်၊ မြေအောက်ရေသောက် စနစ်များဖြင့် မိုးစပါးများ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်း
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆည်ရေသောက်စနစ်၊ မိုးကောင်းရေသောက်စနစ်၊ မြေအောက်ရေသောက်စနစ်(စက်ရေတွင်း)ဖြင့် မိုးစပါးများ စိုက်ပျိုးထားရာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး  လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Nov 03,2022
ရခိုင်ပြည်နယ်၊ ကျေက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပမည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏  စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။