လဟယ် နို၀င်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးစ(၂)လမှ အသက် (၁)နှစ်ခွဲအောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီမှစတင်၍ လဟယ်မြို့ မိခင်နှင့်ကလေး ကျန်းဌာနရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် အသည်းရောင်အသားဝါ(ဘီ)၊ ဘီစီဂျီ၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ အပြင်းထန် အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယို၊ ၀က်သက်၊ ဂျိုက်သိုးကာကွယ်ဆေးများကို လဟယ်မြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်ရှိ ကလေးသူငယ်များ၊ လဟယ်မြို့နှင့် အနီးတဝိုက်ကျေးရွာများမှ ကလေးငယ် (၁၁၀)ဦးခန့်အား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လဟယ်(ပြန်/ဆက်)