သတင်းများ

မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Apr 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့ရေပေး သီးခြားရေတင်လိုင်း ပြီးစီးနေပြီဖြစ်၍ ပုံမှန်အတိုင်းတစ်မြို့လုံး ရေပေးဝေနိုင်တော့မည်
Apr 03,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မြစ်ရေတင် ၂၄ နာရီလိုင်း/ မြို့ရေပေး သီးခြားရေတင်လိုင်း ပြီးစီးနေပြီဖြစ်၍ ပုံမှန်အတိုင်း တစ်မြို့လုံး ရေပေးဝေနိုင်တော့မည်ဖြစ်ကြောင်း မင်းဘူးမြို့ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးရဲမြင့်ထွန်းထံမှ သိရသည်။
နမ္မတူမြို့နယ် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံ
Apr 03,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက် မြင့်မားစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းဆောင်ရွက်
Apr 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဧပြီလ ၂ ရက်နေ့က နတ်တလင်းမြို့နယ် ချင်းကုန်းကံကျေးရွာအုပ်စု၊ ကုက္ကိုလ်‌မြောင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်၌ အလယ်တန်းဆင့်/အထက်တန်းဆင့် ကျောင်းသား/ကျောင်းသူများအား စာစီစာကုံး ရေးသားနည်း သင်တန်း တတိယနေ့ ဆက်လက်ပို့ချ
Apr 03,2022
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌ လူငယ်လူရွယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ အလယ်တန်း/အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်ခြင်းကို ဧပြီ(၁)ရက်နံနက်(၉)နာရီက ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာ့သိုင်းသင်တန်းဖွင့်
Apr 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ နွား(၅၁၀)ကောင်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Apr 03,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေသခံ တောင်သူများမွေး မြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ အချိန်မှန်မှန် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ ညနေပိုင်းထိ နွား(၅၁၀)ကောင်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများကို ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း နေကြာသီးနှံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေး အသိပညာ ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Apr 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် နေကြာစိုက်ပျိုးနိုင်ရေး လျာထားမှုမှာ ဧက(၃၀၀)တွင် စိုက်ပျိုးထားနိုင်မှုမှာ ဧက(၃၆၀)ဧကရှိသော်လည်း နေကြာသီးနှံများ ပိုမိုစိုက်ပျိုးရေးအသိပညာ‌ပေးခြင်းများအပြင် မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်ရေးများအတွက် တာဝန်ရှိသူများက ယမန်နေ့၊ နံနက်ပိုင်းကသစ်ချောက်ခင်ကျေးရွာ အုပ်စုနှင့် အမဲခေါင်ကျေးရွာ အုပ်စု တို့တွင် ကျေးရွာတောင်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။