သတင်းများ

ချမ်းမြသာစည်မြို့နယ် (Community Centre) ခန်းမတွင် မူကြိုကလေးငယ်များအတွက် ပြိုင်ပွဲများကျင်းပခြင်း
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မူကြိုအရွယ်ကလေးငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ထက်မြက်လာစေရေး၊ ကျန်းမာကြံ့ခိုင်စေရေးတို့ကိုရည်ရွယ်၍ မေတ္တာရင်ခွင်မူကြိုကျောင်းနှင့်ပူးပေါင်းကာ ဘောလုံးအရောင်ရွေးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဝါသနာတူ ကလပ်အသင်းများပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Nov 03,2022
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်စေရန် နှင့်အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍  ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဝါသနာတူကလပ်အသင်းများစုစည်းပြီး စာရေးသူကျော်ဝင်းရေးသားထားသည့် “နှစ်ဆယ့်တစ်ရာစုသားရွှေဥ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင်ကျေးရွာအုပ်စု၊ ရွှေတောင် ကျေးရွာ ငွေဘုံသာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)  ကျင်းပ
Nov 03,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ရပ်ကွက်/ကျေးရွာ (၅) ခုရှိ ပြည်သူများအား စားအုန်းဆီ ပိဿာချိန် (၁၃၄၀) ပိဿာကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဝေရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီက မြို့နယ်အတွင်း ရပ်ကွက်(၁)ခုနှင့် ကျေးရွာ (၄) ရွာတို့တွင် စားအုန်းဆီ ပိဿာချိန် (၁၃၄၀) ရောင်းချ ပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးမှ သိရသည်။
မင်းတပ်မြို့၌ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းနားကျင်းပ
Nov 03,2022
မင်းတပ်မြို့၊ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို တောင်ပုလု ကျောင်းတိုက်ရှိ သာသနာ့ဝိပုလကာရီသိမ် ကျောင်း၌ ယနေ့ နံနက်(၉)နာရီခွဲအချိန်တွင် ကျင်းပသည်။
ကျောက်တန်းမြို့နယ် ကန်ပြောင်စံပြကျေးရွာအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကန်ပြောင်စံပြကျေးရွာအား ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကန်ပြောင်စံပြကျေးရွာ စာသင်ကျောင်းအား Cash For Work စီမံကိန်းဖြင့် အလျား ၄၃၈ ပေ အမြင့် ၅ ပေဖြင့်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မိဘပြည်သူသို့ အသိပေးထုတ်ပြန်ချက် မြေစိုက်ပိုစတာစိုက်ထူ
Nov 03,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ‌အောင်မြေသာစံမြို့နယ် ဦးစီးမှူးရုံးက  အလျား ၆ ပေ၊ အမြင့် ၈ ပေရှိ "မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်" မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ၁၂ လမ်း × ၈၆ လမ်းထောင့်တွင် ကျင်းပ ပြုလုပ်ရာ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အောင်​မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊