ညောင်ဦး နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များ နှင့်ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၈နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့၊ ပုဂံမြို့ရပ်ကွက်/ကျေးရွာများသို့ဆက်လက်ရောင်းချပေးနေကြောင်းသိရသည်။
ညောင်ဦးမြို့နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက်တစ်လမ်းမှအဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၃၀၀ ကျပ်နှုန်းဖြင့်မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ရေး ညောင်ဦးမြို့ အမှတ်(၄)ရပ် မဏိစည်သူဈေးအနီး၊ မှန်ချိုရပ်နေ အိမ်ထောက်စု ၁၁၀၀ စုအတွက် စားအုန်းဆီ ၅၀ ကျပ်သားစီရောင်းချပေးခြင်း၊ ညောင်ဦးမြို့နယ် ပုဂံမြို့သစ် ဈေးကြီးအနီးတွင် အိမ်ထောင်စု ၁၁၀၀ စုအတွက် စားအုန်းဆီများ Mobile ကား(၂)စီးဖြင့်လိုက်လံ ရောင်းချလျက်ရှိကြောင်းသိရသည်။ အဆိုပါ Mobile ကားဖြင့်ရပ်ကွက်/ကျေးရွာနေ ပြည်သူများ လက်ဝယ်အရောက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ စားအုန်းဆီပိဿာချိန် ၁၁၀၀ ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ