သတင်းများ

မဟာအောင်မြေမြို့နယ်၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့် တင်ရေး အသိပညာ‌ပေးဟောပြောပွဲကျင်းပ
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄) နှစ် မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ငါးဘေးမဲ့လွှတ်ပွဲ ကျင်းပ
Nov 03,2022
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ မရမ်းခြံ ဆိပ်ကမ်းတွင် အောင်မြေသာစံခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ငါးဘေးမဲ့လွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊
ကျောက်ဆည်မြို့နယ် အရှေ့ငယ်တိုးကျေးရွာပြည်သူများ သောက်သုံးရေးလွယ်ကူဖူလုံစွာ သုံးစွဲနိုင်ပြီဖြစ်
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် အရှေ့ငယ်တိုးကျေးရွာတွင် ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သောကြောင့် ကျေးရွာပြည်သူများ သောက်သုံးရေလွယ်ကူစွာ သုံးစွဲနိုင်ပြီးဖြစ်ကြောင်း သိရသည်။
ဒလမြို့နယ် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် စာရေးကိရိယာများ ထောက်ပံ့ခြင်းနှင့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းအခမ်းအနားကျင်းပ
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးမှုဖြင့် စာရေးကိရိယာများထောက်ပံ့ခြင်းနှင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း စာကြည့်တိုက်ခန်းမ၌ ကျင်းပခဲ့သည်။
ရမ်းဗြဲမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျေင်း(ပုလုပ်တောင်) ပညာရေးမိသားစု စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း
Nov 03,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျေင်း (ပုလုပ်တောင်)ပညာရေး မိသားစု စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းကို ယနေ့နံနက် ၇ နာရီက ကထိန်လျာသင်္ကန်းနှင့်တကွ ပဒေသာပင်များအလှူရံပစ္စည်းများဖြင့် မြို့တစ်ပတ်လှည့်လည်ပြီး  ရမ်းဗြဲမြို့၊  ဒက္ခိဏာ ရမဝိဟာရ (တောင်ကျောင်း)  ပရိယတ္တိစာသင်တိုက်တွင်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပေါက်တောမြို့တွင် အ.ထ.က-ပေါက်တော မိသားစု စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 03,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် အ.ထ.က-ပေါက်တော မိသားစု စုပေါင်းမဟာဘုံကထိန် လှည့်လည်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာစီတန်း လှည့်လည်ခဲ့သည်။
ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌  စာရေးဆရာ "ဒေါက်တာကျော်စိန်" ရေးသားသည့် စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Nov 03,2022
 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ "ဒေါက်တာကျော်စိန်"ရေးသားသည့် "လူငယ်လမ်းညွှန်" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီ အချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ချောင်းဆုံမြိုန့ယ်တွင် (၃၂)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန်လှည့်လည်ခြင်းနှင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို စည်ကားသိုက်မြိုက်စွာကျင်းပ
Nov 03,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ဦးဆောင်မှုဖြင့် (၃၂)ကြိမ်မြောက်ဌာနပေါင်းစုံဝန်ထမ်းမိသားစု စုပေါင်းဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ချောင်းဆုံအနောက်ရပ်ကွက် တကူကနာမရမ်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။