ဝေါ နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာရှိ တစ်ဧက တင်း(၁၀၀)အထက် ထွက်ရှိရေး ဧက(၁၀၀)စံပြစိုက်ခင်းကွင်းတွင် တောင်သူဒေါ်ရီစိန်၏ လယ်မြေကွင်းအမှတ်(၆၈၇-ခ) ဦးပိုင်၃/၇ ၌ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို နိုဝင်ဘာလ ၃ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲသို့ ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်ကောင်စီဝင်များ၊ စိုက်ပျိုးတောင်သူများက စပါးရိတ်ခြွေစက်ဖြင့်ရိတ်ခြွေကာ မျိုးကောင်း၊ မျိုးသန့်စိုက်ခင်းဆောင်ရွက်နေမှုနှင့်မိုးစပါးစိုက်ပျိုးအောင်မြင်နေမှုအခြေအနေများ လေ့လာကြည့်ရှုခဲ့ကြသည်။
ထို့နောက် မိုးစပါးစံပြအထွက်နှုန်းအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးအောင်မိုးလွင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာမှ မြို့နယ်ဦးစီးမှူးဦးသိန်းဇော်နှင့်ဝန်ထမ်းများက စံပြကွက်ရိတ်သိမ်းရာ မှော်ဘီ(၃)တစ်ဧက အစို(၁၃၅)တင်း၊ တစ်ဧကအခြောက်(၁၂၀) တင်းထွက်ရှိခဲ့ကြောင်းသိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)