ညောင်ဦး နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီ အချိန်ကကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဦးဆန်းဦး၊ ဦးခင်မောင်မြင့် တို့မှဆွေးနွေးပြောကြားပြီးနောက် သက်ဆိုင်ရာဌာနဆိုင်ရာအလိုက် လုပ်ငန်းစဉ်များ တင်ပြ ဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနန်းတင့်မှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နံနက် ၁၁ နာရီခွဲအချိန်တွင်ပြီးမြောက်ခဲ့ကြောင်းသိရသည်။
ကိုကြေးမုံ