အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မှိုစိုက်ပျိုးနည်းသင်တန်းဖွင့်လှစ်
Nov 02,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မိုးဆွေကျေးရွာအုပ်စု၊ မိုးဆွေကျေးရွာ စိုက်ပျိုးရေးအသိပညာပေး (KC) ခန်းမ၌ မှိုစိုက်ပျိုးနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။