ကော့မှူးတွင် ဆန်၊ ဆီ၊ ကြက်ဥများအား ဈေးနှုန်သက်သာစွာဖြင့် လာရောက်ရောင်းချ
Apr 01,2022
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံ စားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ယနေနံနက်၉နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ် ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ဆီ၊ကြက်ဥများအား ဈေးနှုန်းသက်သာစွာ ဖြင့် လာရောက်ရောင်းချပေးနေ ကြောင်း သိရသည်။