ကျောက်ဖြူ ဧပြီ ၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၂) ခုတွင် (ဒုတိယနေ့)အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား ၁၃၃၁ ဦး၊ ကျောင်းသူ ၂၀၉၀ ဦး၊ စုစုပေါင်း ၃၄၂၁ ဦးတို့မှ အေးချမ်းစွာဖြင့်ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာနပေါင်း(၁၂)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့၊ အင်္ဂလိပ် စာဘာသာရပ်ကို ကျောက်ဖြူမြို့နယ်ရှိ စာစစ်ဌာန(၁၂)ခုတွင် ဖြေဆိုမည့်စာရင်းရှိ ကျောင်းသား ၁၄၇၀ ဦး၊ ကျောင်းသူ ၂၂၄၀ ဦး၊ စုစုပေါင်း ၃၇၁၀ ရှိပြီး ဖြေဆိုသည့် ကျောင်းသား ၁၃၃၁ ဦး၊ ကျောင်းသူ ၂၀၉၀ ဦး၊ စုစုပေါင်း ၃၄၂၁ ဦးရှိကာ ပျက်ကွက် ၂၈၉ ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၂.၂၁ ရာခိုင်နှုန်း၊ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ စာမေးပွဲဖြေကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဝင်ရောက်ဖြေဆို နိုင်ရေးအတွက် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် လူမှုရေးအသင်းအဖွဲ့များက ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)