သတင်းများ

ကော့မှူးတွင် ဆန်၊ ဆီ၊ ကြက်ဥများအား ဈေးနှုန်သက်သာစွာဖြင့် လာရောက်ရောင်းချ‌
Apr 01,2022
ကိုဗစ်-၁၉ မျိုးရိုးဗီဇ‌ပြောင်းအိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံ စားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ယနေနံနက်၉နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ် ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ဆီ၊ကြက်ဥများအား ဈေးနှုန်းသက်သာစွာ ဖြင့် လာ‌ရောက်ရောင်းချပေးနေ ကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက် ဖြေဆို
Apr 01,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၇) ခုဖွင့်လှစ်၍ မတ်လ(၃၁) ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့နံနက်တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား/သူ(၂၈၀၁)ဦး အေးချမ်းစွာဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာနေ့ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆို
Apr 01,2022
၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့စတင်ကျင်းပရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တို မြို့နယ်တွင်လည်း ဒုတိယနေ့ အင်္ဂလိပ်စာကို အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဆက်လက် ဖြေဆိုလျက်ရှိသည်။
အမြို့မြို့အနယ်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာရပ်ဖြေဆို
Apr 01,2022
၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၃၁ ရက်နေ့က စတင်ကျင်းပလျက်ရှိရာ ဧပြီလ ၁ ရက်နေ့တွင် အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို လျက်ရှိသည်။
မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre )၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်
Apr 01,2022
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ယနေ့ နေ့လည် ၁၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ‌ရေးသားထားသည့် “ လူငယ်အညွန့်အဖူးလေးများအတွက် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာ ရုံးများအရောက် စာအုပ်များ အခမဲ့ငှားရမ်း ပေး
Apr 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့ နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့  မိုဘိုင်းစနစ်ဖြင့် စာအုပ်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ဖြေဆို
Apr 01,2022
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြသည့် လပွတ္တာမြို့နယ်မှ ကျောင်းသား ကျောင်းသူများသည် မြို့ပေါ်စာစစ်ဋ္ဌာန (၃)ခုနှင့် နယ်စာစစ်ဋ္ဌာန (၆)ခု စုစုပေါင်း (၉)ခုတို့တွင် ယနေ့ နံနက် ၉ နာရီ အချိန်မှစ၍ အင်္ဂလိပ်စာ ဘာသာရပ်အား အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြသည်။
ဒက္ခိဏသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို
Apr 01,2022
၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်း စွာ ဖြေဆိုကြသည်။