ကော့မှူး ဧပြီ ၁
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံ စားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ယနေနံနက်၉နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ် ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ဆီ၊ကြက်ဥများအား ဈေးနှုန်းသက်သာစွာ ဖြင့် လာရောက်ရောင်းချပေးနေ ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချရာတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက် ဧည့်မထ တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ဖြင့် ဆန်အိတ်(၇၅) အိတ် အားလည်းကောင်း ၊ ပေါ်ဆန်း တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ဖြင့်ဆန်အိတ်(၇၅) အိတ်အားလည်းကောင်း ဆီငါးဆယ်သား တစ်ဘူးကို ငွေကျပ် ၂၇၀၀ ကျပ်နှုန်း ဖြင့် ဆီ(၃၅၀)ဘူးအားလည်းကောင်း၊ ကြက်ဥဆယ်လုံးတစ်ကဒ်လျှင် (၁၅၀၀)ကျပ်ဖြင့် ကြက်ဥ(၅၀)ကဒ်တို့အား လာရောက်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။ ယခုလိုလာရောက် ရောင်းချပေးမှုအပေါ် ရပ်ကွက်နေ ပြည်သူတစ်ဦး ဖြစ်သူ ဒေါ်မီးမီးကလည်း ကိုဗစ်-၁၉မျိုးရိုးဗီဇ ပြောင်းအိုမီခရွန် ရောဂါကာလအတွင်း အခြေခံစားသောက်ကုန် ပစ္စည်းတွေကို ယခုလိုဈေး နှုန်းသက်သာစွာဖြင့် ရောင်းချပေးဖြင့် မြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအတွက် အရမ်းကို အဆင်ပြေမှုရှိ ပါတယ်။ ဈေးနှုန်းတွေက ချိုသာတဲ့အပြင် ရောင်းချသောပစ္စည်းတွေလည်း လတ်ဆတ်သန့်ရှင်းမှုရှိတယ် နောင် လည်းယခုလိုလာရောက် ရောင်းချပေးစေချင်ပါတယ်ယခုလိုလာ ရောက်ရောင်းချပေးရန်စီစဉ် ပေးသူများကို လည်းကျေးဇူးတင် ပါတယ်ဟု ပြောကြားခဲ့သည်။
ထို့သို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးမိုးကျော်နှင့်ဝန်ထမ်းများ ရဲတပ်ဖွဲ့ ဝင်များ ၊ဌာနဆိုင်ရာများက ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉မျိုးရိုးဗီဇ ပြောင်းအိုမီခရွန်ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ရောင်းဝယ် ဈေးဝယ်ယူနိုင်ရေး နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဝိုင်းဝန်း ဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။
ကျော်သူရ