တောင်ကုတ်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက် ဖြေဆို

တောင်ကုတ် ဧပြီ ၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၇) ခုဖွင့်လှစ်၍ မတ်လ(၃၁) ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့နံနက်တွင် ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား/သူ(၂၈၀၁)ဦး အေးချမ်းစွာဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အထက-၁(တောင်ကုတ်)၊ အထက-၂ (မြို့မ) ၊ အထက-၃၊အထက-၄ (ဂူတာ)တွင်လည်းကောင်း ၊ တန်းလွဲမြို့တွင် အထက(ရွာမ)တွင် လည်းကောင်း၊ မအီမြို့တွင် အထက(မအီ)နှင့်အထက(လမူးမော်)တွင်လည်းကောင်း စာစစ်ဌာန(၇)ခု သတ်မှတ်ထားပြီး ဖြေဆိုရန်စာရင်းရှိ ကျောင်းသား/သူ(၃၀၉၀)ဦးရှိသည့်အနက်ဖြေဆိုသူ(၂၈၀၁)ဦး ၊ ပျက်ကွက်(၂၈၉)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၁)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှသိရ သည်။

တောင်ကုတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကိုအောင်မြင်စွာပြီးစီးနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ တပ်မတော်သားများက တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်