သတင်းများ

အင်းတော်မြို့ ဝန်ထမ်းပေါင်းစုံ စုပေါင်းဘုံကထိန်ပွဲကျင်းပ
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ ဝန်ထမ်းပေါင်းစုံ စုပေါင်းဘုံကထိန်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် စက်ကုန်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့မဈေးအနီး ပျံကျဈေးသည်များ စည်းကမ်းတကျ ဈေးရောင်းချရန်နှင့် စွန့်ပစ်အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းများ မပြုလုပ်ရေးကွင်းဆင်းပညာပေး
Nov 01,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးအနီး ဖွင့်လှစ်ရောင်းချနေသည့် ပျံကျဈေးသည်များ စည်းကမ်းတကျ ဈေးရောင်းချရန်နှင့် စွန့်ပစ်အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများ မပြုလုပ်ရေး ကွင်းဆင်းပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ဦးဆောင်မှုဖြင့် ဈေးတာဝန်ခံနှင့် ဝန်ထမ်းများက ကွင်းဆင်းအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီခွဲက ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရမည့် ပြည်သူများအား မြို့နယ်ပြည်သူ့ ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲတက်ရောက်
Nov 01,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း သင်တန်း ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဒေးဒရဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များ အသိပညာပေး လိုက်လံကြေညာ
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး လိုက်လံကြေညာ ခြင်းကို ယနေ့ နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မိသားစုဝမ်း‌ရေးအတွက် ပုံမှန်ဝင်ငွေရရှိလျက်ရှိသော အာဆီယံသပြေ
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ရပ်ကွက်ကျေးရွာတချို့တွင် တပိုင်တနိုင်အဖြစ် အာဆီယံသ‌ပြေများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြရာ ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက် မူးမြစ်အနီးတွင် သပြေစိုက်ပျိုး လုပ်ကိုင်ခြင်းဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိနေကြောင်း သိရသည်။
ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက်ရောင်းချပေး
Nov 01,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့ နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။
ချီဖွေခရိုင်၌ ကချင်အထူးဒေသ (၁) လူမှု အထောက်အကူပြုအဖွဲ့မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့် အခမ်းအနားကျင်းပ
Nov 01,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ ကချင်အထူးဒေသ (၁) လူမှုအထောက်အကူပြုအဖွဲ့မှ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်း (ချီဖွေ)ကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။