ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာနေ့ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆို

ဆိပ်ကြီးခနောင်တို ဧပြီ ၁

၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ယနေ့စတင်ကျင်းပရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီး ခနောင်တို မြို့နယ်တွင်လည်း ဒုတိယနေ့ အင်္ဂလိပ်စာကို အခြေခံပညာအထက်တန်းကျောင်း (အထက-ခနောင်တို) စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဆက်လက် ဖြေဆိုလျက်ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား ၁၂၆ဦး၊ ကျောင်းသူ ၁၇၂ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၉၈ ဦး စာရင်းပေးသွင်းထားပြီး၊ယနေ့ လာရောက် ဖြေဆိုသူ ကျောင်းသား ၉၈ဦး၊ ကျောင်းသူ ၁၄၃ဦး စုစုပေါင်း ၂၄၁ဦးရှိပြီး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၈၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ဝေယံ(IPRD)