အမြို့မြို့အနယ်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်ဘာသာရပ်ဖြေဆို

နေပြည်တော် ဧပြီ 

၂၀၂၁- ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၃၁ ရက်နေ့က စတင်ကျင်းပလျက်ရှိရာ ဧပြီလ ၁ ရက်နေ့တွင် အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို လျက်ရှိသည်။

ပုသိမ်ကြီး

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား (၂၉၉) နှင့်ကျောင်းသူ (၄၀၆) စုစုပေါင်း(၇၀၅)ဦးရှိပြီး ဖြေဆိုသူကျောင်းသား (၂၆၄) ဦးနှင့် ကျောင်းသူ (၃၆၂) ဦး စုစုပေါင်း (၆၂၆) ဦး ဖြေဆိုကာ ဖြေဆိုရန် ပျက်ကွက် ကျောင်းသား (၃၅) ဦးနှင့် ကျောင်းသူ (၄၄) ဦး  စုစုပေါင်း (၇၉) ဦးရှိကြောင်းနှင့် ဖြေဆိုသည့် ရာခိုင်နှုန်း (၈၈.၇၉) ရှိကြောင်း သိရသည်။

သံတောင်ကြီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် သံတောင်ကြီးမြို့နယ်တွင်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာကို ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိမှာ (၂၀၀) ဦးဖြစ်ပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူ/ ကျောင်းသား (၁၇၂) ဦး ရှိကာ ပျက်ကွက်(၂၈) ဦးရှိသည့်အတွက်  ဖြေဆိုမှု (၈၆.၀၀) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပလောက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ပလောက်မြို့ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာကို ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ ဖြေဆိုသူ   စုစုပေါင်း (၁၁၅)ဦးတွင် (၁၀၇) ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်း

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲ ဒုတိယနေ့အင်္ဂလိပ်စာကို ကျောင်းသားကျောင်းသူစုစုပေါင်း   ၂၉၁   ဦး (၈၉ ရာခိုင်နှုန်း) ဖြေဆိုကြပြီး ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၁ ဒသမ ၀၁ ရာခိုင်နှုန်း) ပျက်ကွက်ခဲ့ကြောင်း သိရသည်။