ဇေယျာသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဆက်လက်ဖြေဆို

ဇေယျာသီရိ ဧပြီ  ၁

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိနေ့ယအင်္ဂလိပ်စာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုကြသည်။

ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (အင်္ဂလိပ်စာဘာသာ)ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ် ပြည်စံအောင်အခြေခံပညာ အထက်တန်းကျောင်၊ ရေဆင်းအခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းနှင့် ကျောက်ချက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)  စာစစ်ဌာနပေါင်း(၅)ခု ဖြင့်ကျင်းပရာ ကျောင်းသား (၈၀၀) ဦး၊ ကျောင်းသူ (၁၀၄၅)  စုစုပေါင်း (၁၈၄၇)ဦး တို့ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၁၉)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၃ ဒသမ ၉၄ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)