သတင်းများ

ဟိုပန်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား/သူများအား အာဟာရကြက်ပေါင်းရည်ကဒ် ထောက်ပံ့ပေးအပ်
Apr 01,2022
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဉီးညီနပ်နှင့် ဇနီး ဒေါ်အားရီ မိသားစုမှ ဟိုပန်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ် ဝင်တန်း စာမေးပွဲဝင်ရောက် ဖြေဆို​နေသည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး ကောင်းမွန်စေရေးအတွက် အာဟာရကြက်ပေါင်းရည်ဘူးများကို ယမန်နေ့နေ့လည်ပိုင်းက အဆိုပါကျောင်းဝန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်လံမြို့နယ်၌ မြို့အဝင်/အထွက် ဂိတ်များတွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် ပ/မပါနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး ကတ်ပြား ပါ/မပါစစ်ဆေးဆောင်ရွက်
Apr 01,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မြို့အဝင်/အထွက် ဂိတ်များတွင် ခရီးသွား ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် ပါ/မပါနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကတ်ပြား ပါ/မပါ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက စတင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကံမမြို့နယ် မီးသတ်ဦးစီးဌာနတွင် အသုံးပြုရန် လေဖြည့်သွင်းစက် လွှဲပြောင်းပေးအပ်
Apr 01,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မီးသတ်ဦးစီးဌာနတွင် အသုံးပြုရန် လေဖြည့် သွင်းစက် တစ်လုံးအား လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ဆေးရုံတွင် ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်မှရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲလင်းထွန်း တို့က လေဖြည့်သွင်းစက်နှင့်သက်ဆိုင်သည့် စာရွက်စာတမ်း များအားလည်းကောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ်က လေဖြည့်သွင်း စက်(Air Filling Maching)  တစ်လုံးအားလည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ရာ    မြို့နယ် မီးသတ်ဦးရဲညွန့်က လက်ခံရယူခဲ့ကြောင်း သိရသည်။
မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ များ ဆက်လက်ဖြေဆို
Apr 01,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲအား အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် တောင်ပြို လက်ဝဲ စာစစ်ဌာန သုံးခု ဖွင့် လှစ်၍ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျင်းပခဲ့ရာ  ယနေ့ နံနက်ပိုင်းက အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား/ သူ များ အေးချမ်း စွာ ဖြေဆိုခဲ့ကြသည်။
မြောင်းမြတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ် ဆက်လက်ဖြေဆို
Apr 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို​ ယနေ့နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့သည်။
ဟင်္သာတမြို့နယ်တွင် ခရိုင်ကညနရုံးဝန်ထမ်းများ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်
Apr 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်၏ လမ်းညွှန်မှုဖြင့် ဟင်္သာတမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ခရိုင် ကညန ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ ရုံးဝန်ထမ်းများအား ယနေ့ နံနက် ၁၀ နာရီက မီးဘေးကြိုတင် ကာကွယ်ရေး၊ မီးဘေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူး အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြသည်။
ကလောမြို့နယ်၌ ၂ဝ၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၃၇၄)ဦးဖြေဆို
Apr 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၆ ခု မှ ကျောင်းသား၊ ကျောင်းသူ (၁၄၉၁)ဦး စာရင်းပေးသွင်းထားပြီး (၁၃၇၄)ဦး ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။
ကျောင်းကုန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာ ဆက်လက်ဖြေဆို
Apr 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာကို ယနေ့နံနက် ၉ နာရီအချိန်က ဖြေဆိုခဲ့ကြသည်။