လှိုင်မြို့နယ်၌ ၂၀၂၂ခုနှစ်တက္ကသိုလ်၀င်ခွင့်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ပျော်ရွှင်စွာဖြေဆို

လှိုင် ဧပြီ ၁

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား ကျောင်းသူ (၃၃၂) ဦးမှ ယနေ့နံနက် ( ၉) နာရီအချိန်ကစ၍ ​နေ့လယ်၁၂နာရီထိအင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။

 ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုဧပြီလ ၉ ရက်အထိ ​ဖြေဆိုကြရမည်ဖြစ်ပြီး  ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို မြို့နယ်အတွင်းမှ ကျောင်းသား/ကျောင်းသူ (၁၄၉) ဦး၊ ပြင်ပမှ​ဖြေဆိုမည့်သူ(၁၈၃)ဦး၊စုစု​ပေါင်း (၃၃၂)ဦး​ဖြေဆို ကြမည်ဖြစ်​သည်၊၊

ကျောင်းသား၊ ​ကျောင်းသူများ​အေးချမ်းစွာစာ​မေးပွဲ ​ဖြေဆိုနိုင်​ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့၊အ​ခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်​ကျေးရွာအုပ်​ရေးအဖွဲ့မှတာဝန်ရှိသူများနှင့်လုံခြုံ​ရေးတပ်ဖွဲ့ဝင်များပူး​ပေါင်းကာ​ဆောင်ရွက်လျက်ရှိ​ကြောင်းလည်းသိရသည်။

 ကျော်ရဲအောင်