ကျောက်တော် ဧပြီ ၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်း မိဘပြည်သူများအနေဖြင့် ပွင့်လင်း ရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်စေရေး ရည်ရွယ်ချက်ဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၃ နာရီ အချိန်က မီးသတ်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက် များသို့သွားရောက်ပြီး လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးဘေးအန္တရာယ်အသိပေးနှိုးဆော်ရာတွင် မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသိပေးနှိုးဆော်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များ ဖြစ်သော ပိုက်သည်ရပ်ကွက်၊ ရွာမရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊တောင်ဘက်စုရပ်ကွက် စသော မြို့ပေါ်ရပ်ကွက်များသို့သွားရောက်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးသတိရှိ စေရေးတို့အတွက် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များအား ပြည်သူများအနေဖြင့်တိကျ စွာလိုက်နာဆောင်ရွက်ကြရန်နှင့် မိဘပြည်သူများအနေဖြင့် မိမိတို့၏နေအိမ်များ၌ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲအိတ်နှင့်မီးသတ် ဆေးဗူးစသည့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ အသင့် ထားရှိရေးအပြင် ထင်း၊ မီးသွေးမီးဖိုများဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များ ကို စနစ်တကျ မီးငြိမ်းသတ်ကြရန်၊ နေအိမ်များအတွင်း လောင်စာဆီများ သိုလှောင်ခြင်း မပြုကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်း ကြားကြရန် အသိပေးဆော်သြခဲ့ပြီး အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေး ဆော်သြခြင်းအား အပတ်စဉ်လှည့်လည်နှိုးဆော်ခြင်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်မောင်ထွန်း