ရေစကြို ဧပြီ ၁
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ အဝင်/ အထွက် ဂိတ်တွင် ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်မှစ၍ မိဘပြည်သူများအား ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်း မရှိသေးသူများ ကာကွယ်ဆေးထိုးနှံခြင်းကို ဌာနဆိုင်ရာများပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ ထိုးနှံခြင်း မပြုရသေးသူများအား ကျန်းမာရေး စစ်ဆေးမှု ခံယူစေကာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပေးနေပြီး သတ်မှတ်နေရာများ၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထပ်မံထိုးနှံကြရန် စစ်ဆေးခြင်းများလည်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အဆိုပါ မြို့အဝင်/ထွက်ဂိတ်များ၌ စစ်ဆေးဆောင်ရွက်ခြင်းများကြောင့် ကိုဗစ်-၁၉ ရောဂါခုခံကာကွယ်နိုင်မှာဖြစ်ပြီး၊ ကူးစက်ပြန့်ပွားခြင်းမှလည်း ကင်းဝေးစေမှာဖြစ်ပါကြောင်း အသိပညာပေးပြီး မြို့နယ် အတွင်းရှိ ပြည်သူများ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံကြစေရေးအတွက် တစ်ကြိမ်တစ်ခါမှ မထိုးနှံသေးသူများကို ကာကွယ်ဆေးထိုးနှံပြီး/မပြီး စစ်ဆေးရာ၌ ရေစကြိုမြို့ နယ်၊ စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဇော၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်ဆောင်ရွက်မှုနှင့်အတူ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ လူမှုကူညီရေး အဖွဲ့အစည်း များ၊ ရပ်မိ/ ရပ်ဖများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်လုလင် (ရေစကြို)