ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၄၁၆၆၂)ဦး ဆက်လက်ဖြေဆို

စစ်တွေ  ဧပြီ  ၁

ရခိုင်ပြည်နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူ ၄၁၆၆၂ ဦးဖြေဆိုခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ရခိုင်ပြည်နယ်တွင် စာစစ်ဌာန ၁၂၈ ဖွင့်လှစ်၍ စစ်ဆေးဖြေဆို လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူ ၄၅၆၀၀  ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး အင်္ဂလိပ်စာ ဘာသာရပ်ကို ၄၁၆၆၂ ယောက် ဝင်ရောက်ဖြေဆိုကြကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထို့သို့ဖြေဆိုရာတွင် စစ်တွေခရိုင်၌ ၁၂၈၃၃ ဦး၊ မြောက်ဦးခရိုင်၌ ၁၁၅၂၄ ဦး၊ မောင်တောခရိုင်၌ ၃၁၆၁ ဦး၊ ကျောက်ဖြူခရိုင်၌ ၈၅၄၁ ဦးနှင့် သံတွဲခရိုင်၌ ၅၆၀၃ ဦးဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်အနေဖြင့် ယနေ့တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမှုမှာ  ၉၁ ဒသမ ၃၆ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင်   ကျောင်းသား၊ ကျောင်းသူ ၄၅၁၆၃ ဦးဝင်ရောက် ဖြေဆိုရာတွင် အောင်မြင်သူ ၁၂၃၁၄ ရှိကာ အောင်ချက်ရာခိုင်နှုန်း ၂၇ ဒသမ ၂၇ ဂုဏ်ထူးရရှိသူ ၁၇၂၇ ဦးရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)