ရေနံချောင်း ဧပြီ ၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မတ်လ ၁၅ ရက်နေ့က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်ခဲ့သည့် မာန်မြေကျေးရွာမှ အိမ်ထောင်စုဝင်များအား မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးနှင့် အိမ်ဆောက်ပစ္စည်ဖိုး ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ခန်းမတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ပြာစိုးတို့က ကမ်းပြို ဘေးသင့်ခဲ့သည့် မာန်မြေကျေးရွာမှ အိမ်ထောင်စု(၉)စုအတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ ၉ သိန်းကျပ်နှင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင် ၄၈ ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၁၀၀၈၀၀ ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ ၁၀၀၀၈၀၀ ကျပ်ကို ကမ်းပြိုဘေးသင့်ခဲ့သည့် အိမ်ထောင်စုဝင်များကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေး စာရေးတို့ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)