လွိုင်ကော်မြို့ မှုံပြာကျေးရွာတွင်ပြန်လည်နေထိုင်မည့်ပြည်သူများနှင့်တွေ့ဆုံ

လွိုင်ကော် ဧပြီ ၂

လွိုင်ကော်မြို့နယ်၊ပန်ကန်းကျေးရွာအုပ်စု၊မှုံပြာကျေးရွာတွင်ပြန်လည်အခြေချနေထိုင်မည့်ပြည်သူများနှင့်တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်တွင် စျေးပိုင်းရပ်ကွက်ရှိ ဥတ္တရာရုံ ဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် လွိုင်ကော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ မှုံပြာကျေးရွာတွင် ပြန်လည်အခြေချနေထိုင်မည့် ပြည်သူများနှင့်တွေ့ဆုံ၍ ကယားပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအားရှင်းလင်း ပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။ ထို့နောက်ပြည်သူများအား ကျန်းမာရေး အထောက် အကူပြုနှာခေါင်းစည်း(mask)များကို အခမဲ့ပေးဝေခဲ့ပြီးမှုံပြာကျေးရွာတွင် ပြန်လည်အခြေချ နေထိုင် လိုသည့်အိမ်ထောင်စုပေါင်း(၇၆)စုရှိကာလူဦးရေစုစုပေါင်းမှာ(၂၀၅)ဦးရှိကြောင်း သိရသည်။

ကိုဇင်(လွိုင်ကော်)