သတင်းများ

နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ တိုးတက် မြင့်မားစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းဆောင်ရွက်
Apr 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဧပြီလ ၂ ရက်နေ့က နတ်တလင်းမြို့နယ် ချင်းကုန်းကံကျေးရွာအုပ်စု၊ ကုက္ကိုလ်‌မြောင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သရက်၌ အလယ်တန်းဆင့်/အထက်တန်းဆင့် ကျောင်းသား/ကျောင်းသူများအား စာစီစာကုံး ရေးသားနည်း သင်တန်း တတိယနေ့ ဆက်လက်ပို့ချ
Apr 03,2022
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမ၌ လူငယ်လူရွယ်များ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန် ရည်ရွယ်၍ အလယ်တန်း/အထက်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်ခြင်းကို ဧပြီ(၁)ရက်နံနက်(၉)နာရီက ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာ့သိုင်းသင်တန်းဖွင့်
Apr 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ နွား(၅၁၀)ကောင်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Apr 03,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေသခံ တောင်သူများမွေး မြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ အချိန်မှန်မှန် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းမှ ညနေပိုင်းထိ နွား(၅၁၀)ကောင်အား ပေါင်ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးများကို ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း နေကြာသီးနှံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေး အသိပညာ ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Apr 03,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် နေကြာစိုက်ပျိုးနိုင်ရေး လျာထားမှုမှာ ဧက(၃၀၀)တွင် စိုက်ပျိုးထားနိုင်မှုမှာ ဧက(၃၆၀)ဧကရှိသော်လည်း နေကြာသီးနှံများ ပိုမိုစိုက်ပျိုးရေးအသိပညာ‌ပေးခြင်းများအပြင် မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်ရေးများအတွက် တာဝန်ရှိသူများက ယမန်နေ့၊ နံနက်ပိုင်းကသစ်ချောက်ခင်ကျေးရွာ အုပ်စုနှင့် အမဲခေါင်ကျေးရွာ အုပ်စု တို့တွင် ကျေးရွာတောင်သူများနှင့် တွေ့ဆုံကာ အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်
Apr 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေ ရန်နှင့် ကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အသက် နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ရှမ်းရွာသစ်မြို့ ကျေးလက် ကျန်းမာရေးဌာနတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Apr 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့ နံနက်က မြို့နယ်ပြည်သူ့ ဆေးရုံကြီးနှင့် ကျေးလက်ဆေးခန်း ဆေးထိုးစုရပ် အသီးသီးတွင် ပုံမှန်ကာကွယ် ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။