ဗဟန်းမြို့နယ်၌ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်

ရန်ကုန်  ဧပြီ  

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာနကလူမှုဘဝပြည့်စုံဖို့နိုင်ငံသား ကတ်ကိုင်ကြစို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာယနေ့ နံနက်ပိုင်းကဗဟန်းမြို့နယ်၊ ဆရာစံ​တောင်ရပ်ကွက်၊ ဦးချစ်​မောင်လမ်းမကြီး၊ ဆရာစံ​တောင်ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးရှိ၊ ခြင်းလုံးအားကစားရုံးတွင် ရပ်ကွက်နေပြည် သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဗဟန်းမြို့နယ်လူဝင်မှု ကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနိုင်ကနိုင်ငံသားကတ် အသုံး ဝင်ပုံ၊အသက်အရွယ်အလိုက် ကိုင်ဆောင်လဲလှယ်ရခြင်းအကြောင်းနှင့် ဥပဒေနှင့်ညီညွတ်မှု မရှိပါ ကအမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်းပြောကြားသည်။

ထိုနောက်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများကအသက်(၁၀)နှစ်ပြည့်နိုင်ငံသားကတ်လျောက်ထားသူများ၊အသက်(၁၈)နှစ်အထက်နိုင်ငံသားကတ်လျောက်ထားသူများ၊နိုင်ငံသားကတ်အသစ်လဲလှယ်လျောက်ထားသူများ၊နိုင်ငံသားကတ်၊ပျောက်ပျက်လျောက်ထားသူများအားနိုင်ငံသားကတ်ပြားများနှင့်အိမ်ထောင်စုစာရင်းများဆောင်ရွက်ပေးခြင်းတို့ကိုသတ်မှတ်စည်းကမ်းများနှင့်အညီဆောင်ရွက်ပေးကြသည်။

ထိုသို့ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ များမှတာဝန်ရှိသူများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်တို့က၊လာရောက်ဆောင်ရွက်နေသောရပ်ကွက်နေပြည်သူများအား အဆင်ပြေချောမွေ့စေရန် ဝိုင်းဝန်းကူညီပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)