ဝက်လက်မြို့နယ်၌ စျေးကွက်ဝင် နွေနှမ်းသီးနှံ ရာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

ဝက်လက် ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ယခုနှစ်အတွင်း စျေးကွက်ဝင် နွေနှမ်းသီနှံ စိုက်ပျိုးရာတွင် သဖန်းဆိပ် ဆည်ရေသောက် ဧကများတွင် နွေနှမ်းစိုက်ပျိုးရန် ရာထားဧက ၄၃၀၀၀ သတ်မှတ်ခဲ့ရာတွင် ယနေ့အထိ ၄၃၂၀၀ စိုက်ပျိုးပြီး ဖြစ်သဖြင့် ရာထားဧက ၉၆ ရာခိုင်နှုန်း  စိုက်ပျိုးနိုင်ခဲ့ပြီး ရာသီးကုန်တွင် ရာထားသတ်မှတ်ဧကထက် ကျော်လွန် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်းကို ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်၏ ပြောကြားချက်အရ သိရှိရပါသည်။

ဝက်လက်မြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ် ကုန်ကျသက်သာပြီး စျေးကောင်းရရှိသော နှမ်းသီးနှံကို အားထားစိုက်ပျိုးကြပြီး စိုက်ပျိုးရေးဦးစီးဌာနသို့လည်း စျေးကွက်ဝင် နှမ်းနက် မျိုးစေ့များ လာရောက်ချိတ်ဆက် ဝယ်ယူလျှက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် လည်း နှမ်းသီးနှံ စိုက်ပျိုးမှုနှင့် ပတ်သတ်၍ နည်းပညာပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခြင်း  လက်ကမ်းစာစောင်များကို တောင်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခြင်နှင့် မျိုးကောင်း မျိုးသန့်များကို သက်ဆိုင်ရာခြံမျာနှင့် ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။    

စိုးစိုးလှိုင်(ဝက်လက်)