သတင်းများ

ကန့်ဘလူမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ
Nov 02,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဦးတည်အုပ်စုများအလိုက် ဦးစားပေး အစီအစဥ်အတိုင်း ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂ ရက်နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခါမ်းပါတ်မြို့တွင် မိုးစပါးများ စတင်ရိတ်သိမ်းချိန် စက်ယန္တယားကြီးများ သုံးစွဲလုပ်ကိုင်လာကြ
Nov 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့အတွင်းရှိ ဒေသခံတောင်သူများ၏ မိုးစပါးများ စတင် ရိတ်သိမ်းလာကြပြီဖြစ်ပြီး ခေတ်မီ စက်ယန္တယားကြီးများ ငှားရမ်းသုံးစွဲလာကြကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က အမှတ် (၁၅)ရပ်ကွက်ရှိ အမှတ် (၂၀) အခြေခံပညာမူလတန်းကျာင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိ ပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြိုနယ်၌ ဆောင်းမြေပဲသီးနှံ ဂျစ်ပ်ဆမ် (Gypsum) ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Nov 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြိုနယ် မကျီးအင်းကျေးရွာ၊ ကွင်းအမှတ် ၂၉၂၊ တောင်သူ ဦးသန်းထွန်းဦး၏ ယာမြေ ၂ ဧကတွင် ယနေ့ နံနက် ၇ နာရီက ဆောင်းမြေပဲသီးနှံ ဂျစ်ပ်ဆမ် (Gypsum) ထည့်သွင်းခြင်း ကွင်းသရုပ်ပြကျင်းပကြောင်း သိရသည်။
ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းများဆောင်ရွက်
Nov 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၉)နာရီက အသက်(၂)လမှ (၁)နှစ်ခွဲထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
တံတားမြို့၌ နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများ ထံရေဆင်း(၁)စပ်မျိုး နေကြာသီးနှံမျိုးစေ့ အိတ်များပေးအပ်
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်အတွင်းရှိ၊ ကျောက်တန်းမြို့နယ်တွင် နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများထံ ရေဆင်း(၁)စပ်မျိုး နေကြာသီးနှံ မျိုးစေ့အိတ်များ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် တံတားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တောင်ကုတ်မြို့နယ်၌ ပထမအကြိမ်စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာလှည့်လည်ကျင်းပ
Nov 02,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်ပွဲ တော်လှည့်လည်ပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတိုင်း အစိုးရအဖွဲ့မှ မြတ်စေတနာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ငွေပဒေသာပင် ပေးအပ်လှူဒါန်း
Nov 02,2022
ဧရာဝတီတိုင်းဒေသကြီး တိုင်းအစိုးရအဖွဲ့က သက်ကြီးရွယ်အိုများ၏ ဘဝသာယာစိုပြည်စေရေး၊ လုံခြုံသော လူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉) နာရီက အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်း အမှတ်အဖြစ် ဒေးဒရဲမြို့နယ် မြတ်စေတနာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် ငွေပဒေသာပင် စိုက်ထူလှူဒါန်းခဲ့ကြောင်း သိရသည်။