ကာမိုင်းမြို့၌ လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကာမိုင်း  ဧပြီ   ၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌‌ နွေရာသီကျောင်းပိတ်ရက်ဖြစ်သောကြောင့် လူငယ်များစာ‌ပေနှင့်ဝေကွာမှု မရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်အသင်း၀င်လူငယ်များအား လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် စာစီစာကုံး ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီခန့်က ကျင်းပခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် လူငယ်(၈)ဦးထဲမှ ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူ(၃)ဦးအားပြန်/ဆက်ဦးစီးမှူး တာ၀န်ခံဒေါ်ရွှေဇင်ဦးနှင့် စာပေချစ်သူများအသင်း(Book Club) အဖွဲ့၀င်တို့က ဆုများကို အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)