သာယာဝတီ ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီက ဆက်လက်ဖြေဆိုရာ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် စာစစ်ဌာန(၃)ခုရှိပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၅၂၃ ဦး စာရင်းပေးသွင်းထားပြီး ၄၉၃ ဦး ဝင်ရောက်ဖြေဆိုကာ ၃၀ ဦး ပျက်ကွက်ကြောင်း၊ အခြေခံပညာအထက်တန်းကျောင်း(သုံးဆယ်) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၅၁၆ ဦး စာရင်းပေးသွင်းထားပြီး ၄၈၈ ဦး ဝင်ရောက်ဖြေဆိုကာ ၂၈ ဦး ပျက်ကွက်ကြောင်း၊ အခြေခံပညာအထက်တန်းကျောင်း (စံရွေး) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၈၄ ဦး စာရင်းပေးသွင်းထားပြီး ၈၂ ဦး ဝင်ရောက်ဖြေဆိုကာ ၂ ဦး ပျက်ကွက်ကြောင်း၊ စုစုပေါင်း စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ၁၂၂၆ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၁၁၂၃ ဦးရှိပြီး ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ ၆၀ ဦးရှိကာ ဖြေဆိုရာခိုင်နှုန်း ၉၄.၆၆ ရာခိုင်နှုန်းရှိကြောင်းနှင့် စာမေးပွဲကို အေးချမ်းသာယာချောမွေ့စွာနှင့် အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူးများ၊ လက်ထောက် ကြီးကြပ်ရေးမှူးများက ကြီးကြပ်လျက်ရှိပြီး ကျောင်းအတွင်း၊ အပြင်လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ လုံခြုံရေးအားမြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)