ဖြူး ဧပြီ ၄
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို (၄)ရက်မြောက်နေ့ ဖြေဆိုမှုကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ စာစစ်ဌာန ၅ခုတွင် ယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေစဉ်ကာလ အတွင်း အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့များက လိုအပ်သည်များအား စီစဉ်ဆောင်ရွက်ပေးနေလျက် ရှိကြောင်းနှင့် ဖြူးမြို့နယ်အတွင်း တက္ကသိုလ်ဝင် စာစစ်ဌာနများအဖြစ် ဖြူးအ.ထ.က (၁)၊ ကညွတ်ကွင်း အ.ထ.က၊ ညောင်ပင်သာ အ.ထ.က၊ ဝဲကြီး အ.ထ.က၊ ဇေယျဝတီ အ.ထ.က(၂) စာစစ်ဌာန(၅)ခုတို့တွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် အတွင်းဖြေနှင့်အလွတ်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ(၁၅၄၈) ဦးရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်