သတင်းများ

ရွှေတောင်မြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Apr 04,2022
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်​ရွှေတောင်မြို့နယ် မိခင်နှင့်က​လေးကျန်းမာရေး ဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းက  မြို့နယ်ပြည်သူ့ ဆေးရုံကြီးမိခင်နှင့် ကလေးကျန်းမာရေးဦးစီးဌာနနှင့်‌ ကျေးလက်ဆေးခန်းဆေးထိုးစုရပ် အသီးသီးတွင် ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘောဂလိမြို့တွင်ကိုဗစ်-၁ ၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါပိုးကြိုတင်ကာကွယ်ရေး  အသိပညာပေးနှိုးဆော်ခြင်းများဆက်လက်  ဆောင်ရွက်
Apr 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  ဘောဂလိမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ   ကျယ်ကျယ်ပြန့်ပြန့်  သိရှိလိုက်နာကြစေရန်  အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို    ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက  နေ့စဉ်  အရှိန်အဟုန်မပြတ်ဆောင်ရွက် လျက်ရှိရာ ယနေန့နက်ပိုင်းက   ကရင်မြန်မာနှစ်ဘာသာဖြင့်  ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်း  သိရသည်။
ကျိုက်လတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ် ဆက်လက်ဖြေဆို
Apr 04,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်ကို ကျိုက်လတ်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခု၌ ယနေ့နံနက် (၉)နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာန (၁၀)ခုတွင် ဓါတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ များဖြေဆို
Apr 04,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၀)ခုတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဓါတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၁၁၆၈)ဦး ဝင်ရောက် ဖြေဆိုကြသည်။
ပန်းတောင်းမြို့နယ်တွင် စိုက်ပညာဝန်ထမ်းများနှင့် တွေ့ဆုံ၍ မိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးမည့် မြေနေရာများ ကွင်းဆင်းကြည့်ရှု
Apr 04,2022
စိုက်ပျိုး​ရေးဦးစီးဌာန၊ ပဲခူးတိုင်း​ဒေသကြီး တိုင်း​ဒေသကြီးဦးစီးမှူးသည် ပြည်ခရိုင်၊ ပန်း​တောင်းမြို့နယ် စိုက်ပညာဝန်ထမ်းများနှင့် တွေ့ဆုံ၍ မိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးမည့် မြေနေရာများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်
Apr 04,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ
Apr 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်ခန့်က စတင်၍ အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၌ မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်
Apr 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မီးသတိပြု သုံးစွဲနိုင် စေရန်နှင့် မီးလောင်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများအား မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော် ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်ခဲ့သည်။