ပေါင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (စတုတ္ထနေ့) ဓာတုဗေဒဘာသာရပ် ဖြေဆို

ပေါင် ဧပြီ ၄

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို ဧပြီလ ၄ ရက်တွင် နိုင်ငံတဝှမ်း၌ ဓာတုဗေဒဘာသာရပ်ကို စတုတ္ထနေ့အဖြစ် တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်မှ စာစစ်ဌာန ၇ခုသို့ လာရောက်ဖြေဆိုသူ (၉၄.၂၅)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။

ပေါင်မြို့နယ်တွင် အ.ထ.ကပေါင်၊ အ.ထ.က-နတ်ကြီးချောင်၊ အ.ထ.ကအလှပ်၊ အ.ထ.ကမုတ္တမ၊ အ.ထ.ကဇင်းကျိုက်၊ အ.ထ.ကရင်းငြိမ်၊ အ.ထ.ကသဲကုန်း စာစစ်ဌာန (၇)ခု၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဓာတုဗေဒဘာသာရပ် ဖြေဆိုခွင့်ရှိသူ (၉၂၈)ဦးရှိသည့်အနက် ကျောင်းသားကျောင်းသူ (၈၆၈)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စာစစ်ဌာနများတွင် ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံကောင်စီ ဥက္ကဋ္ဌ ဦးသိုက်ထွန်းနှင့်အဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တွင် ကိုဗစ်(၁၉) ကပ်ရောဂါကြောင့် ကျောင်းများကို စာသင်နှစ်အပြည့် ဖွင့်လှစ်နိုင်ခြင်း မရှိ‌ခဲ့သော်လည်း နိုင်ငံတဝှမ်းမှ တိုင်းနှင့်ပြည်နယ်အသီးသီး၊ နိုင်ငံခြားစာစစ်ဌာန အပါအဝင် စာစစ်ဌာန စုစုပေါင်း ၁၂၀၀ ကျော်မှာ ကျောင်းသားကျောင်းသူဦးရေ သုံးသိန်းကျော် တက္ကသိုလ်ဝင်တန်း ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းထား ကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စာစစ်ဌာနအသီးသီးတွင် တင်သွင်းထားသည့်စာရင်းများအရ ကျောင်းတွင်း ဖြေဆိုသူ နှစ်သိန်းကျော်နှင့် ပြင်ပမှ ဖြေဆိုသူ တစ်သိန်းကျော်ရှိပြီး ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

တင်ဇာစိုး(ပြန်/ဆက်)