ဇီးကုန်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ဇီးကုန်း ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ်သဖြင့် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန်နှင့် ဌာနဆိုင်ရာများအနေဖြင့် အချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးအာကာဖြိုးနှင့် ဒုရဲမှူးအောင်ဇော်မင်းတို့က လုံခြုံရေး ကိစ္စရပ်များအား ဆွေးနွေး တင်ပြခဲ့ကြသည်။

ထို့နောက် တက်‌ရောက်လာသော သင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးလုပ်ငန်းကော်မတီ အသီးသီးမှ ဗဟိုမဏ္ဍပ်တည်ဆောက်ရေး၊ လုံခြုံရေး၊ ယိမ်းအဖွဲ့များရရှိရေး၊ အခမ်းအနား ပြင်ဆင် ဆောင်ရွက်ရေးနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ