သတင်းများ

ဖြူးမြို့နယ်တွင် အခြေခံပန်းချီသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး
Apr 02,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီ၊ ပန်းပုကျောင်း ဆင်းများ ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ချိန်ကာလတွင် ကျောင်းသား/ ကျောင်းသူများအနေဖြင့် အခြေခံပန်းချီပညာကို တတ်မြောက်သွား စေရန်အတွက် ရည်ရွယ်ကာ နွေရာသီ ပန်းချီသင်တန်းအခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ သင်တန်းဖွင့်ပွဲကို ဧပြီလ ၂ ရက်နေ့၊ နံနက် (၉) နာရီအချိန်က ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကြည့်မြင့်တိုင် အမှတ်(၃) ဒေသကောလိပ်ပရဟိတအဖွဲ့မှ အလှူငွေ၊ စာရေးကိရိယာနှင့် အဝတ်အထည်များလှူဒါန်း
Apr 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် မဟာဝိသုတာရာမ(ဥယျာဉ်ကြီး) မူလတန်းလွန်ကျောင်းသို့ RC(3) ပရဟိတမောင်နှမများအဖွဲ့က အလှူငွေ၊ စာရေးကိရိယာနှင့် အဝတ်အထည်များ ငွေကျပ် (၂၁)သိန်းကျော်ကို ယနေ့နံနက် ၁၁ နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် ရာသီမရွေးစိုက်ပျိုးနိုင်သော ဈေးကွက်ဝင်ငရုတ်သီးပင်များ အောင်မြင်ဖြစ်ထွန်း
Apr 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ် ကိုင်လျက်ရှိရာ စိုက်ပျိုးနိုင်သော ဈေးကွက်ဝင် ငရုတ်သီးပင်များ အောင်မြင်ဖြစ်ထွန်း၍စီးပွားဖြစ် ငရုတ်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မချမ်းဘောမြို့၌ နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းပြုလုပ်နိုင်ရေး လှည့်လည် အသိပေးနှိုးဆော်
Apr 02,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ပြည်သူများခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေရာများတွင် လည်းကောင်း နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်ပြသနိုင်ရေး အသိပေးနှိုးဆော်မှုကို ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွနေရာများတွင် အသိပေးလှည့်လည်နှိုးဆော်ခဲ့သည်။
အုတ်တွင်းမြို့နယ်တွင်အ​ခြေခံ အေရိုးဗစ်သင်တန်း အခမဲ့ဖွင့် လှစ်သင်ကြားပေး
Apr 02,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ချိန် ကာလတွင်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်အတွက် ရည်ရွယ်ကာ နွေရာသီ အ​ခြေခံအေရိုးဗစ် သင်တန်းအခမဲ့ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထု အခြေပြုဗဟိုဌာနCommunity  Centre ခန်းမတွင်  ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ၆ လပြည့်ပြီးသူများအား Booster ဆေးဆက်လက်ထိုးနှံပေး
Apr 02,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း /တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က covishield phase 7 (ဒုတိယ) အကြိမ်ထိုးနှံသူ (၂၂)  ဦး၊ covishield phase 8 (ပထမ)  အကြိမ်ထိုးနှံသူ (၃၃) ဦးနှင့် Boosterဆေးထိုးနှံသူ (၁၃၂) ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ(၁၈၇) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
လှိုင်းဘွဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့် စာရေးကိရိယာများ အခမဲ့ဖြန့်ဝေ
Apr 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် (အ.ထ.က)ကျောင်းတွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သော စာရေးကိရိယာများအား အလွယ်တကူအသုံးပြုနိုင်ရန် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ (အ.ထ.က)ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။
မြစ်ကြီးနားမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 02,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနောရွှေပြည်ခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်ခဲ့သည်။