သတင်းများ

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Nov 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး သိရှိလာစေရန်နှင့် အသိပညာ ဗဟုသုတ ကြွယ်ဝလာစေရန် ရည်ရွယ်ပြီး Book  Club အဖွဲ့ဝင်များက စာရေးဆရာကလောင်စုံ၏ လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုးကို ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီး ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းပွဲကျင်းပ
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၅/ ၂၀၂၂)ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC ) ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ် မီးခတ်ချောင်းကျေးရွာတွင် မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် သံမိုးတောင်ကျေးရွာအုပ်စု၊  မီးခတ်ချောင်းကျေးရွာတွင် မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ကသာသနာ့မုခ်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဒလမြို့နယ် အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Nov 02,2022
ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကုမုဒြာခန်းမ၌ ကျင်းပ ခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် ရာဘာစိုက်ပျိုးလုပ်ကိုင်သူများ ယခင်နှစ်ထက် စျေးကောင်းရရှိ
Nov 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများနှင့် တောင်ယာလုပ်ကိုင်များသည် နှစ်ရှည်ပင်များနှင့် ရာသီပေါ်သီးနှံပင်များစိုက်ပျိုးလျက်ရှိရာ နှစ်ရှည်ပင်များအဖြစ်ရာဘာပင်များကိုလည်း အဓိက ထားစိုက်ပျိုးကြသည်။
ကျောက်ဖြူမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းပေး
Nov 02,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက  ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်ဖြူခရိုင် ဦးစီးမှူးရုံးသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
ပိုင်ကျုံမြို့  အ.မ.ကတနင်းသရောကျောင်း၌ ကျောင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Nov 02,2022
နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ တည်ဆောက်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စု၊ တနင်းသရောကျေးရွာ၊ အ.မ.ကတနင်းသ‌ရောကျောင်းတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများတည် ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် အခြေခံပညာ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွါး) သင်တန်းဖွင့်လှစ်
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြိုနယ်အဆင့် ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွါး) သင်တန်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်ကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။