ဗဟန်းမြို့နယ်၌ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဓါတုဗေဒဘာသာရပ်အား ကျောင်းသား ကျောင်သူများ အေးချမ်းစွာဖြေဆို

ဗဟန်း ဧပြီ ၄

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် တိုင်ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်၉ နာရီမှ ၁၂ နာရီအထိ၊ စတုတ္ထနေ့အဖြစ် ဓါတုဗေဒဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်း၊ ကျောင်းပြင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများသည်  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုရာတွင် ကျောင်းသား(၂၅၅)ဦး၊ ကျောင်းသူ(၂၈၆)ဦး စုစုပေါင်း(၅၄၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊

စာမေးပွဲ ဖြေဆိုရန်ကျောင်းတွင်း၊ ကျောင်ပြင်ဖြေဆိုသူစာရင်းရှိ ကျောင်းသား(၂၇၈)ဦး၊ ကျောင်းသူ(၃၁၂ )ဦး စုစုပေါင်း (၅၉၀)ဦးရှိပြီး ကျောင်းသား(၂၃)ဦး၊ ကျောင်းသူ ( ၂၆ ) ဦး၊ စုစုပေါင်း (၄၉)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့သည်၊၊

ဗဟန်းမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၉၁.၆၉ ရာခိုင်နှုန်း စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

ထိုသို့ ဗဟန်းမြို့နယ်အတွင်း၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် စာမေးပွဲ ဖြေဆိုနေမှုများနှင့် ကျောင်းများတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က ကွင်ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)