သံဖြူဇရပ်၌ ၂၀၂၁-၂၀၂၂ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စတုတ္ထနေ့) ဓာတု​ဗေဒ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများဆက်လက်ဖြေဆို

သံဖြူဇရပ် ဧပြီ ၄

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကိုမတ် ၃၁ မှစတင်၍ တစ်နိုင်ငံလုံးအနေဖြင့် ကျင်းပလျက်ရှိရာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင်လည်း ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ(စတုတ္ထနေ့)အဖြစ် ဓာတု​ဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်အတွင်း စာဖြေဌာန(၅)ခုရှိပြီး ယနေ့စတုတ္ထနေ့တွင် ကျောင်းသား၊ ကျောင်းသူ(၁၀၆၀)ဦး ဖြေဆိုခဲ့ရာ(၉၅.၂၄)  ရာခိုင်နှုန်းလာရောက် ဖြေဆိုကြောင်း မြို့နယ် ပညာရေးမှူး ရုံးမှသိရသည်။​ ဖြေဆိုသူများအား ကိုဗစ်စည်းကမ်းချက်များနှင့် အညီအပူချိန် တိုင်းတာခြင်း၊ အရန်စာဖြေခန်းများထားရှိခြင်း၊ လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်ရန်အတွက် သံဖြူဇရပ်မြို့နယ် အတွင်းရှိ စာဖြေဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)